စာရင်းအင်းပညာမိတ်ဆက် သရုပ်ဖော်ခြင်း [ဒေါက်တာစိုးဝင်း]

ဒေါက်တာစိုးဝင်း(စာရင်းအင်းပညာ)

စာရင်းအင်းပညာမိတ်ဆက် သရုပ်ဖော်ခြင်း [ဒေါက်တာစိုးဝင်း]

17000 MMK
Out of stock
Publisher
ISBN
Pages
134
Wishlist View cart

ယခု ရေးသားထုတ်ဝေသည့်စာအုပ်သည် စာရင်းအင်းပညာကို အခြေခံမှစ၍အလွယ်တကူလေ့လာနိုင်စေရန်နှင့် ကွန်ပျူတာမသုံးဘဲ ကိုယ်တိုင် တစ်ဆင့်စီ တွက်ချက်နိုင်စေရန် ဦးတည်ရေးသား၍ R software အရ လွယ်ကူစွာတွက်ယူနိုင်ပုံကိုလည်း ပုစ္ဆာတိုင်းအတွက် ထပ်မံဖြည်းသွင်းခဲ့ပါသည်။ ဆိုလိုသည်မှာ ကွန်ပျူတာမပါဘဲ လွယ်ကူစွာလေ့လာနိုင်ပြီး R software ကို တွက်ချက်မှုအထောက်အကူပြုစေရန်သာ ရေးသားထားခြင်းဖြစ်ပါသည်။


စာရင်းအင်းပညာမိတ်ဆက်ဟု ဆိုသော်လည်း အခြေခံသိသင့်သည့်အချက်များကို နှစ်ပိုင်းခွဲခြား၍ စာသင်နှစ်တစ်နှစ်၏ ပထမပညာသင်ကာလအတွက် "စာရင်းအင်းပညာမိတ်ဆက်-သရုပ်ဖော်ခြင်း" ကို ဤစာအုပ်တွင်ပုံနှိပ်၍လည်းကောင်း၊ ဒုတိယပညာသင်ကာလအတွက် "စာရင်းအင်းပညာမိတ်ဆက်-ဖြစ်တန်စွမ်း" ကို သီးခြားစာအုပ်ဖြင့်ပုံနှိပ်၍လည်းကောင်း ခွဲခြားထုတ်ဝေသွားပါမည်။ ဤစာအုပ်တွင် အချက်အလက်တို့၏ သဘာဝနှင့် အတိုင်းအတာများ၊ စုစည်းကောက်ယူသည့် နည်းလမ်းများကို အခန်း(၁)တွင် ဖော်ပြထားပါသည်။ အခန်း(၂)သည် အချက်အလက်အား ထပ်ကြိမ်ပြန့်ချက်များအဖြစ် စုစည်းခြင်းနှင့် အသုံးများသည့် ဂရပ်များရေးဆွဲနည်းကို ရှင်းပြထားပါသည်။ ကိန်းဂဏန်းများ၏ ဗဟိုတန်ဖိုးနှင့် ပျံ့နှံ့မှုအတိုင်းအတာများကို အခန်း(၃)နှင့် (၄)တို့တွင် ဖော်ပြထားပါသည်။ အခန်း(၅)သည် ပြန့်ချက်တစ်ခု၏ ပုံပန်းသဏ္ဌာန်နှင့်လက္ခဏာအင်္ဂါရပ်ကို ထင်ဟပ်စေသည့် မိုးမင့်များနှင့်အတူ အစောင်း ပြကိန်းနှင့် ခုံးပုံအတိုင်းအတာတို့ကို ဖော်ပြထားပါသည်။ အခန်း(၆)သည် ဆက်သွယ်မှုပြကိန်းနှင့် မျဉ်းဖြောင့် ဆက်သွယ်ချက်ပုံစံတို့ကို ဖော်ပြထားပါသည်။


📒စာရင်းအင်းပညာမိတ်ဆက် သရုပ်ဖော်ခြင်း

✍️ဒေါက်တာစိုးဝင်း(စာရင်းအင်းပညာ)

စာမျက်နှာ-၁၃၄

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.